Advertisement

International Day for the Elimination of Violence Against Women

ဒီနေ့ကတော့ အမျိုးသမီးများအပေါ်

အကြမ်းဖက်မှု ပပျောက်ရေးနေ့ -

International Day for the Elimination of Violence Against Women နေ့ ဖြစ်ပါတယ်။

White Ribbon Day - ဖဲကြိုးဖြူနေ့ 🎗️🤍

လို့လည်းခေါ်ကြပါသေးတယ်။

ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိကျင်းပတဲ့ "၁၆ ရက်တာလှုပ်ရှားမှု" ပေါ့နော်။.

ကစ်တို့လို ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု မရှိအောင် လှုံ့ဆော်တဲ့ အသိပေး Campaign တွေ လုပ်ကြပါတယ်။ 🤵‍♀️👩🎨👷♀️👩🔧👩⚖️

Gender-based Violence ဆိုတာ အိမ်တွင်း Domestic အကြမ်းဖက်မှုဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ Sexual အကြမ်းဖက်မှုဖြစ်စေ အမျိုးသမီးတွေကို မတရား အကြမ်းဖက်မှုမြောက်ပါတယ်။

ကစ်တို့ ဒီနေ့ကနေတစ်ဆင့် ကစ်တို့ အမျိုးသမီးအချင်းချင်းတင်မဟုတ် အမျိုးသားတွေကရောပဲ ကိုယ့်ပတ်ဝန်းကျင်မှာ အမျိုးသမီး၊ မိန်းကလေးငယ်လေးတွေကို အကြမ်းဖက်တာမြင်တဲ့အခါ ကူညီဖေးမကြဖို့ သတိပေးလိုက်ပါတယ်။ 🤍🤍

ကမ္ဘာတဝှမ်းကအမျိုးသမီးတွေကိုလည်း လေးလေးစားစားဆက်ဆံဖို့ ကူညီဖေးမဖို့လိုပါသေးတယ်နော်။

Let's Respect Women, and Elevate the World.

#wutthmoneshweyi 

#internationaldayfortheeliminationofviolenceagainstwomen 

#violanceagainstwomen 

#genderviolence









Post a Comment

0 Comments